StarTracker

Fleet Management Solution

Login

Tracker ဆိုသည်မှာ လူကြီးမင်းတို့၏ မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းများ၊ ဝန်ထမ်းများကို အချိန်နှင့်တပြေးညီ မျက်ခြေမပြတ် စီမံကွပ်ကဲနိုင်ရန် အထောက်အကူပြုသော နည်းပညာသုံးပစ္စည်း တစ်မျိုးဖြစ်ပါသည်။

Worth To Track Your Car

လုပ်ငန်းသုံးကားများတွင် Tracker များတပ်ဆင်ထားခြင်းဖြင့်
  • မိမိမော်တော်ယာဉ်များ မည်သည့်နေရာတွင် ရှိနေသည်ကို အချိန်နှင့်တပြေးညီ သိနိုင်ခြင်း၊
  • မည်သည့်နေရာ၊ မည်သည့်လမ်းကြောင်းများ အတိုင်းသွားခဲ့သည်ကို ပြန်လည်ကြည့်ရှုနိုင်ခြင်း၊
  • မောင်းထားသော ခရီးအကွာအဝေးများကို သိနိုင်ခြင်း၊
  • ကားအမြန်နှုန်းများကို သိနိုင်ခြင်း၊
  • ကားပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်ချက်များကို သတ်မှတ်နိုင်ခြင်း တို့ကြောင့်
လူကြီးမင်းတို့၏ မော်တော်ယာဉ်များကို မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ခရီးစဉ်တလျောက်လုံး ကြည့်ရှုထိန်းချုပ်နိုင်သဖြင့် မလိုအပ်သောကြန့်ကြာမှုများကို လျော့ချပေးနိုင်ပြီး အလုပ်ပိုမိုတွင်ကျယ်စေခြင်း၊ ကားပြုပြင်စရိတ်များ လျော့ချနိုင်ခြင်း၊ ကားများ၊ ယာဉ်မောင်းဝန်ထမ်းများ၊ ကားတွင်ပါဝင်သော ကုန်ပစ္စည်းများ၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်ခြင်း၊ မလိုအပ်သောကုန်ကျစရိတ်များ လျော့ချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ရနိုင်ပါသည်။
figure one

Which Vehicles?

  • Company ကားများ
  • Distribution/ Delivery ကားများ
  • Travel and Tour ကားများ
  • Express ကားများ
  • Taxi အငှားပေးထားသောကားများ
  • ကုန်တင်ကားများ
စသည့် ကားများတွင် တပ်ထားခြင်းအားဖြင့် လုပ်ငန်းအတွက် အထောက်အကူပြုစေနိုင်ပါသည်။

Choose the Best Tracking Solution for you business

စျေးကွက်ထဲတွင် GPS Tracker များကို Quality အမျိုးမျိုး၊ စျေးအမျိုးမျိုးနှင့် အလွယ်တကူရရှိနေပါပြီ။ ပစ္စည်းတိုင်းတွင် ပါဝင်သော Features များ၊ ထောက်ပံ့ပေးသော Services များ တစ်ခုနှင့်တစ်ခု ကွာခြားချက်များရှိသောကြောင့် မိမိကားတွေအတွက် ဝယ်ယူတော့မည်ဆိုလျှင် လိုအပ်ချက်နှင့်ကိုက်ညီပြီး သုံးနေသော ကာလတစ်လျှောက်လုံး ယုံကြည်စိတ်ချနိုင်မည့် ပစ္စည်းကို သေချာရွေးချယ်သင့်ပါသည်။
StarTracker

Why Us?

StarTracker သည် နောက်ဆုံးပေါ် Cloud Based Platform ကို အသုံးပြုပြီး လူကြီးမင်းတို့၏ မော်တော်ယာဉ်များကို ယာဉ်မောင်းဝန်ထမ်းများ၊ထံတွင် စိတ်ချလက်ချဖြင့် အလုပ်ပိုမိုတွင်ကျယ်စေခြင်း၊ အသုံးပြုနိုင်ရန်အတွက် ကူညီပေးမည့် စက်ပစ္စည်းတစ်ခုဖြစ်ပါသည်။

cloud-platform

Latest Tracking Platform

StarTracker Tracking Platform သည် စျေးကွက်ထဲရှိ Tracker Platform များကဲ့သို့ သမားရိုးကျ Server များ။ Software Language များကို မသုံးဘဲ နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထားသော Cloud Based Platform ဖြစ်သောကြောင့် လေးလံကြန့်ကြာခြင်းမရှိဘဲ လျင်မြန်သော Web Application များနှင့်အခြား မည်သည့်နေရာတွင်မှ မရနိုင်သော စွမ်းဆောင်ရည်များကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။

Our Technology, Our Map, Our Platform

StarTracker သည် ကိုယ်ပိုင်နည်းပညာ၊ ကိုယ်ပိုင်မြေပုံ၊ ကိုယ်ပိုင် Platform သုံးထားပြီး နိုင်ငံခြားမှဝယ်ယူလာသည်များကို တဆင့်ပြန်လည်ရောင်းချခြင်းမျိုး မဟုတ်သောကြောင့် အကြောင်းတစ်စုံတစ်ရာ ရှိပါက အချိန်နှင့်တပြေးညီ ဖြေရှင်းပေးနိုင်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်ကိုလိုက်၍ လုပ်ဆောင်ချက်အသစ်များဖြည့်စွက်နိုင်ခြင်း၊ Update များ ဆက်လက် ထည့်သွင်းနိုင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ပြည်တွင်းလုပ်ငန်းဖြစ်သောကြောင့် ရေရှည်ဝန်ဆောင်မှုပေးနိုင်သော၊ လိုအပ်သည်များကို တိုက်ရိုက်ညှိနှိုင်းနိုင်သော အကျိုးကျေးဇူးများလဲရနိုင်ပါသည်။
Platform
Tracking Platform တွင်အသုံးပြုထားသောမြေပုံမှာလဲ အချို့ Tracker များကဲ့သို့ Google Map များ၊ Open Street Map များကို သုံးထားခြင်းမဟုတ်ဘဲ ကိုယ်ပိုင်မြေပုံ အသုံးပြုထားခြင်းကြောင့် အသုံးများတဲ့အခါ မြေပုံပျောက်သွားခြင်း၊ မြေပုံမှာ နေရာအမှားများပြခြင်း စတာမျိုးမဖြစ်နိုင်ပါ။ StarTracker Platform အား ကိုယ်တိုင်ရေးသားထားခြင်းဖြစ်သောကြောင့် ပြည်တွင်းလုပ်ငန်းများ၏ လိုအပ်ချက်များကိုလိုက်၍ အပိုအလိုမရှိဘဲ ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်စေရန် ရေးသားပေးထားပါသည်။

Live Supervision

live-map

Features

  • လက်ရှိ မော်တော်ယာဉ် ရောက်ရှိနေသောနေရာကို မြေပုံတွင် အတိအကျကြည့်ရှုနိုင်ခြင်း။
  • ကားအင်ဂျင်စက်နှိုးထားခြင်း၊ စက်ရပ်ထားခြင်းကို သိရှိနိုင်ခြင်း။
  • မိမိကားမောင်းနှင်နေသော အမြန်နှုန်းကိုသိနိုင်ခြင်း။

Benefits

  • မိမိကားရောက်နေသော ကားနေရာကို Real Time ကြည့်ရှုနိုင်ခြင်းကြောင့် တကယ်သွားရမည့်လမ်းကြောင်းပေါ်တွင် ရှိမရှိ သိနိုင်မည်။
  • သွားရမည့်အချိန်တွင် သွားရမည့်နေရာကို အချိန်မီရောက်မရောက် သိနိုင်မည်။
  • အလုပ်နှင့်မသက်ဆိုင်သော လမ်းကြောင်းများရှိမရှိသိနိုင်သဖြင့် မလိုအပ်သောကုန်ကျစရိတ်များ လျှော့ချနိုင်မည်၊
  • ကီလိုကျော်မောင်းနေခြင်း ရှိမရှိ သိနိုင်မည်၊
  • မိမိ၏ကားများ၊ ကားပေါ်ရှိ ဝန်ထမ်းများ၊ ကုန်ပစ္စည်းများ၊ မျက်စိရှေ့တွင်ရှိနေသကဲ့သို့ လုံခြုံစိတ်ချမှုရှိနိုင်မည်။


History

history-map

Features

  • နေ့စဉ်သွားလာခဲ့သော လမ်းကြောင်းများကို ၃လ မှ ၆လထိပြန်ကြည့်နိုင်ခြင်း။
  • မည်သည့်အချိန်တွင် မည်သည့်နေရာတွင်ရှိနေသည်ကို Playback လုပ်၍ နာရီ၊ မိနစ်၊ စက္ကန့် အတိအကျ ပြန်ရှာနိုင်ခြင်း။
  • ထိုအချိန်များက မောင်းခဲ့သော အမြန်နှုန်းများကိုလဲ ပြန်စစ်နိုင်ခြင်း။
  • တစ်နေ့လျှင် ကီလိုမီတာ မည်မျှသွားထားသည်ကို ပြန်ကြည့်နိုင်ခြင်း။

Benefits

History တွင် သွားခဲ့သော အချိန်၊ နေရာ၊ အမြန်နှုန်းတို့ကို အသေးစိတ်ပြန်ကြည့်နိုင်သည့်အတွက် အကြောင်းကိစ္စ တစုံတရာ ပေါ်ပေါက်လာပါက ပြန်လည်စစ်ဆေးရာတွင် အလွန်အသုံးဝင်ပါသည်။


Event

GEOFENCE

မိမိကားသွားရောက်နိုင်မည့် နယ်နိမိတ်သတ်မှတ်နိုင်ခြင်း။ (ဥပမာ - ရန်ကုန်နယ်နိမိတ်၊ အောင်မြေသာဇံ)

SPEED

ကားအမြန်နှုန်းသတ်မှတ်နိုင်ခြင်း။ (ဥပမာ - Maximum Speed 70 kmph)

ODOMETER

စက်ဆီ၊ အင်ဂျင်ဆီ၊ အင်ဂျင်ဝိုင် စသည်များ လဲရမည့် kilo သတ်မှတ်နိုင်ခြင်း။ (ဥပမာ - kilo 7,000)

TIME

ကားအားမောင်းနှင်နိုင်မည့် အချိန်သတ်မှတ်နိုင်ခြင်း။ (ဥပမာ - 9 am to 9 pm)

Event Notification

Event များ၏သတ်မှတ်ချက်များကို ကျော်လွန်ခဲ့လျှင် ချက်ချင်းသိနိုင်စေရန် StarTracker Application သို့ Notification ပို့ပေးပါသည်။

Geofence နယ်နိမိတ်သတ်မှတ်ခြင်း

geofence
odometer

Odometer အင်ဂျင်ဝိုင်၊ ဂီယာဝိုင် စသည်များလဲရန် အချိန်သတ်မှတ်ခြင်း

Speed ကားအမြန်နှုန်းသတ်မှတ်ခြင်း

Speed

Report

StarTracker တွင် ပြည်တွင်းလုပ်ငန်းများ၏ လိုအပ်ချက်များအပေါ်မူတည်၍ မှန်ကန်တိကျပြီး နားလည်လွယ်သော Report များရရှိနိုင်ရန်နှင့် မလိုအပ်သောအချက်အလက်များဖြင့် Information Overload မဖြစ်စေရန် ပြုလုပ်ပေးထားပါသည်။ Report များကို သုံးလစာ သိမ်းထားပေးသည့်အပြင် Excel Format နှင့် Export လုပ်ပြီး သိမ်းထားနိုင်သည့် Offline feature ပါ ပါဝင်ပါသည်။

Types of Reports

- Distance one

ကားတစ်စီးချင်း သွားခဲ့သော Distance (အကွာအဝေး)၊ Max Speed (အများဆုံးမောင်းခဲ့သောအရှိန်)၊ Start (ကားစထွက်သောအချိန်)၊ End (နောက်ဆုံးကားစက်ရပ်လိုက်သောအချိန်) တို့ကို တစ်နေ့ချင်းစီ အသေးစိတ်ကြည့်ရှုနိုင်သည်၊
distance-one

- Distance all

ကားအားလုံးသွားခဲ့သော Distance (အကွာအဝေး)၊ Max Speed (အမြင့်ဆုံးမောင်းခဲ့သောအရှိန်)၊ Start (ကားစထွက်သောအချိန်)၊ End (နောက်ဆုံးကားစက်ရပ်လိုက်သောအချိန်) တို့ကို နှိုင်းယှဉ်ကြည့်ရှုနိုင်သည်။ ကားတိုင်း၏ အချိန်ကာလ အပိုင်းအခြားအတွင်းသွားထားသော ခရီးအကွာအဝေးစုစုပေါင်းကိုလဲ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါသည်။
distance-all

- Engine on/off report

ကားတစ်စီးချင်းစီ၏ တစ်နေ့တာ ကားစက်နှိုးခြင်း၊ ကားစက်ရပ်ခြင်းစီတိုင်းကို အချိန်၊ နေရာများနှင့်တကွ အသေးစိတ်ကြည့်နိုင်သည်။ နေရာများကို ဖော်ပြရာတွင် Latitude, Longitude ဂဏန်းများကိုသာ ဖော်ပြခြင်းမျိုးမဟုတ်ဘဲ လမ်းနာမည်၊ မြို့နယ်နှင့်တကွ ဖော်ပြပေးထားပါသည်။ လမ်းကြောင်းတစ်ခုချင်းစီတိုင်းကိုလဲ Map ကိုနှိပ်၍ မြေပုံပေါ်တွင် တစ်ခါတည်း ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားပါသည်။
engine-report


Member and Level

member

StarTracker Platform တွင် Tracker တပ်ဆင်ထားသောကားများကို ကွပ်ကဲကြည့်ရှုနိုင်ရန် member များကို အကန့်အသတ်မရှိ ထည့်သွင်းနိုင်ပါသည်။


Member ထည့်သွင်းရာတွင်လဲ member ၏ Role များ၊ Duty များကိုလိုက်၍ Admin, Manager, Viewer ဟူ၍ Level ခွဲနိုင်ရန်လဲ ပြုလုပ်ပေးထားပါသည်။


ထို့ပြင်ကားများကိုလဲ မြို့နယ်အလိုက်၊ ဌာနအလိုက်၊ အုပ်ချုပ်သူအလိုက် စသည်ဖြင့် လိုအပ်သလို Group ခွဲနိုင်ရန် ပြုလုပ်ပေးထားသောကြောင့် Member များကို မိမိနှင့်သက်ဆိုင်သော Car Group များကိုသာ ရွေးချယ် စီမံကြည့်ရှုနိုင်ပါသည်၊


StarTracker
High Quality Hardware
Unique Features
Longterm Service
Reasonable Price
Partner
Tracker တစ်ခုမှာလိုအပ်တဲ့ Basic Features များသာမက အခြား Tracker များတွင်မရနိုင်သော Unique Features များ၊ ရေရှည်ထောက်ပံ့ပေးမည့် ဝန်ဆောင်မှုများဖြင့် နည်းပညာရော လုပ်ငန်းပါအခိုင်အမာနှင့် ထုတ်လုပ်ထားပြီး စျေးနှုန်းသင့်တင့်သော StarTracker ကို လူကြီးမင်းတို့၏ တန်ဖိုးကြီးမားသော ကားများအတွက် ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါသည်။

- Download StarTracker Viewer App

Get it on Google Play Download on the App Store

Login

Forgot Password? Create a new account

Register

Already have an account?

Forgot Passowrd

Login